Wednesday, September 5, 2007

ဗုဒ္ဓ (၁၂)

ဒီဥဒါန်းလုပ်ပြီးနောက် အပြန်အားဖြင့် ဆင်ခြင်ပြန်တယ်။ လွန်ကျူးမှု ခပ်သိမ်းရဲ့ အလားအလာ မကောင်းပုံ၊ မလိုလားအပ်ပုံနှင့် အနှစ်မဲ့ပုံတွေကို သိတဲ့သူဟာ သိတာကြောင့် မလွန်ကျူးဘူး။ မကျူးလို့ ဥာဉ်မကပ်၊ မကပ်လို့ ဥာဉ်နှင့်သိတဲ့ စိတ်တွေ ကိုယ်တွေမဖြစ်၊ မဖြစ်လို့ မျက်စိ၊ နားစတဲ့ အာရုံခံအင်္ဂါင်္တွေ မပေါ်၊ မပေါ်လို့ အာရုံတွေကို မတွေ့၊ မတွေ့လို့ မခံစားရ၊ မခံစားရလို့ ထပ်ကျူးလွန်ချင်တာ မဖြစ်၊ မဖြစ်လို့ ဒုက္ခမဖြစ် စတာတွေမဖြစ်ဘဲ ငြိမ်းချမ်းတယ်။ လူဟာ ကိုယ်၊ နှုတ်၊ နှလုံးလှုပ်ရှားမှု ကျူးလွန်ချက်ရဲ့ အလားအလာကောင်း မရှိပုံ၊ လိုလားစရာမရှိပုံနဲ့ အနှစ်သာရ ဆိတ်သုဉ်းနေပုံတွေကို သိတော့ မလွန်ကျူးတော့ဘူး။ မကျူးလွန်တော့ ဥာဉ်မကပ်တော့ပဲ ဒုက္ခအဖြစ် ငြိမ်းတာပဲ။

ဒီလိုဆင်ခြင်မိတော့လည်း ဥဒါန်းတစ်ခု နောက်ထပ်လုပ်မိပြန်တယ်။ ဒီဥဒါန်းကတော့...

ယဒါဟဝေ ပါတုဘ၀န္တိဓမ္မာ၊
အာတာပိတေနာ ဈာယတော ဗြဟ္မဏဿ၊
အထႆ ကခါၤ ၀ပၸယႏၲိသဗၺာ၊
ယေတာခယံ ပစၥယာနံ အေ၀ဒိ။

“ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ
တရားတွေထင်လာတဲ့ တစ်ချိန်မှာ
အကြောင်းတရားတွေ ကုန်နေတာ သိတာကြောင့်

အဲဒီ ကုန်နေချက်တွေမှာလည်း “ဟိုလိုကြောင့်လား၊ ဒီလိုကြောင့်လား” ယုံမှားချက်တွေ ပျောက်ကုန်ကြတယ်”လို့ပဲ။

ဒီအချက်တွေကို အထပ်ထပ်တွဲစပ်ပြီး ဆင်ခြင်ပြန်တယ်။ လွန်ကျူးမှုရဲ့ အကျိုးယုတ်တာ မသိလို့ လွန်ကျူးတာ။ လွန်ကျူးမှုရဲ့ အကျိုးယုတ်တာသိတော့ မလွန်ကျူးဘူး။ လွန်ကျူးလို့ ဥာဉ်ကပ်တာ မလွန်ကျူးယင် ဥာဉ်မကပ်ဘူး။ ဥာဉ်ကပ်လို့ စိတ်လက်ပေါ်တာ ။ ဥာဉ်မကပ်ယင် စိတ်လက်မပေါ်ဘူး ။ စိတ်လက်ပေါ်လို့ မျက်စိ စတာတွေပေါက်လို့ အာရုံတွေကို တွေ့တာ၊ မပေါက်ယင် အာရုံတွေ မတွေ့ဘူး။ အာရုံတွေ တွေ့လို့ ခံစားမှုဖြစ်တာ ၊အာရုံတွေ မတွေ့ရင် ခံစားမှုတွေ မဖြစ်ဘူး ။ ခံစားမှုဖြစ်လို့ လွန်ကျူးလုပ်ချင် စတာတွေ ဖြစ်တာ ၊ ခံစားမှု မဖြစ်ရင် လွန်ကျူးလုပ်ချင်မှု စတာတွေ မဖြစ်ဘူး။ လွန်ကျူးချင်မှု စတာတွေဖြစ်လို့ သောကပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတွေ ဖြစ်ပြီး ဒုက္ခတုံးကြီး ဖြစ်တာ။ လွန်ကျူးချင်မှုစတာတွေ မဖြစ်ယင် သောက အစရှိတာတွေ မဖြစ်ပဲ သဘောဓမ္မတွေပဲ ဖြစ်မှာလို့ပဲ။

ဒီလို ဆင်ခြင်မိပြီးတော့ နောက်တစ်ခါထပ်ပြီး ဥဒါန်းတစ်ခု လုပ်မိတယ်။ အဲဒါကတော့...

ယဒါဟဝေပါတု ဘ၀န္တိဓမ္မာ၊
အာတာပိနော ဈာယတောဗြဟ္မဏဿ ၊
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယောဝ သြဘာသယ မန္တလိကံ္ခ။

“ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ
တရားတွေထင်လာတဲ့ အချိန်မှာ
ကောင်းကင်တစ်ခုလုံး လင်းနေစေတဲ့ နေမင်းအလား
မာရ်စစ်သည်တွေရဲ့ အခိုးကင်းပြီး လင်းနေတယ်”လို့ပဲ။

16 comments:

NatShinNaung said...

သယံဝသီဆိုတဲ့ နာမ ကြောင့် ရဟန်းတော်တစ်ပါးလို့ပဲ ယူဆလိုက်ပါတယ် ဘုရား... တပည့်တော်က စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ဘို့ ကြိုးစားနေသူ တစ်ယောက်ပါ..သမိုင်းကြောင်းတွေ ဖတ်ကြည့်ရင်း အရမ်းစိတ်ဝင်စားဘို့ကောင်းပါတယ်.. အကုန်လုံးလည်း ဖတ်ပြီးသွားပါပြီ.. အခုခတ် ဘုရားကို ဖွဲ့နွဲ့တဲ့ စာသားတွေနဲ့ လူသားဗုဒ္ဓရဲ့ ကွဲပြားပုံကို ရေးရင်းနဲ့ ခွဲခြားပြပါဦး... ဥပမာ မာရ်နတ်ဆိုတဲ့ သူနဲ့ သူရဲ့ တန်ခိုးဆိုတာတွေ တကယ်ရှိမရှိ.. ဘုရားရဲ့ ရောင်ခြည်တော်ကွန့်မြူးနေတယ် ဆိုတာတွေ.. ကြီးလွန်းပါတယ်ဆိုပြီး အခုထိ ကမ္ဘာ့မြေပုံမှာ မတွေ့ဘူးတဲ့ မြင့်မိုရ်တောင်တို့.. တာဝတိံသာကို ခြေနှစ်လှမ်းနဲ့ ကြွတယ်ဆိုတာတို့.. မှန်မမှန်ကို အရမ်းသိချင်ပါတယ်.. ရှင်းပြပေးတော်မူပါဦး.. အသစ်များကိုလည်း စောင့်မျှော်နေပါတယ်ဘုရား.. စာရေးဘို့ အခက်အခဲ ရှိရင်လည်း အသံဖိုင်လေး ဖြစ်ဖြစ် အသံသွင်းပြီး တင်ပေးစေချင်ပါတယ်ဘုရား..

HAPPY CLOUD said...

ဗဟုသုတရစရာချည်းပါပဲ။ အပေါ်က ကိုနတ်ရှင်နောင်မေးတဲ့ အထဲက မြင့်မိုရ်တောင်ဆိုတာ သဂြိင်္ုဟ်ထဲက ရုပ်ပိုင်းကိုနားလည်ရင် မြင်ရမယ်လို့ဆိုနိုင်မလား။ ပြီးတော့ ကျမ်းပြုဆရာတွေက မြတ်စွာဘုရားရဲ့ တန်းခိုးတော်တွေကို ဖွဲ့ဆိုရာမှာ တကယ့်အဖြစ်မှန်ထက် အလွန်အကျူးဖြစ်နေခဲ့တာတွေ ရှိနိုင်မလား။ သိခွင့်ရရင် မှတ်သားချင်ပါတယ်။

မြတ်ဗုဒ္ဓရဲ့သာသနာကို စစ်မှန်သောကြည်ညိုကိုးကွယ်မှုအတွက် လျှောက်လှမ်းနေပါတယ်။ အဆင့်သင့်တဲ့အခါ ဖြေကြားပေးစေလိုပါတယ်။

မိုးမောင်(HappyCloud)

Unknown said...

ထွေထွေထူးထူး မရှိပါ လာသွားကြောင်းလေး လာပြောတာပါ ... ကြိုဆိုပါတယ် ... ဆရာတော်နဲ့ မန္တလေးမှာ တခါဆုံဖူးပါတယ်

phone win said...

သူငယ်တန်းကျောင်းသားက ပါရဂူလို မသိတာနဲ. ဟိုဟာဟုတ်ပါ.မလား ဒီဟာူဖစ်နိုင်ပါ.မလားတွေး နေမဲ.အစား ကျင်.ုကည်.စေလိုပါတယ်
ဥာဏ်အလင်းရအောင်လုပ်ုကည်.စေလိုပါတယ်
အချိန်အခါ နေရာမရွေး အကျင်.မှန်သလောက် အကျိုးပေးမှာပါ။

MMT said...

သာသနာပြုသလိုလိုနဲ့  သာသနာဖျက်နေမှာ သတိထားကြပါ...

bmar said...

ဒေါက်တာမင်းတင်မွန်နဲ့ လူကိုယ်တိုင်ကို ဆွေးနွေးသင့်ပါတယ်... အဲဒါမှ အယူမှား အစွဲမှားတွေ ကျွတ်သွားအောင်

Unknown said...

ဘုရားဟောထားတဲ့ ကျမ်းထဲမှာရှိနေပါတယ်
ငါ၏ဘုရားသာသနာတော်ကို ငါ၏သားတော်များကသာဖျက်စီးပစ်လိမ့် မည်ဟု
ဘြုရားဟောထားတဲ့ အတိုင်းများဖြစ်နေပြီလာမသိဘူးနော်

Unknown said...

ကိုယ်ပိုင်အလင်း မထွန်းနိုင်လို့ ရှိသမျှအလင်းလေးနဲ့ ထွန်းလင်းမယ်ဆိုရင်တော့ ကျေးဇူးပါ။ ဒါပေမယ့် ချီးတော့ လသာချင်တဲ့အဖြစ်မျိုးဆိုရင်တော့ ချီးကြိုက်တဲ့ခွေးတွေအတွက်ပဲဖြစ်မဲ့ အလင်းပါဗျာ။ ဆေးဆရာ အမှားအတွက် လူနာရဲ့ တသက်ပဲ ပေးရမှာ။ ဘာသာရေး အမှားအတွက်ဆိုရင်တော့ သံသရာတလျောက်လုံး သေရမှာမို့ ဆရာ မမှားမိကြဖို့လဲ ပြောပါရစေ။ စားကြိုးစားရင် စာမေးပွဲအောင်ဖို့ တ၀က်သေချာနေတဲ့ကလေးအတွက် စာကြိုးစားရသလိုပဲ။ ကောင်းမှုဖြစ်တဲ့ ကုသိုလ်တွေလုပ်ရင် ကောင်းကျိုးရမယ်ဆိုတဲ့ ကံကံရဲ့ အကျိုးကိုမယုံရင်တော့ သင်ဟာ မိမိစားနေတာ သူများမစင်တွေပါလားလို့ မသိတဲ့ ခွေးတစ်ကောင်လောက် အဖြစ်မရှိသလိုဖြစ်နေပါ့မယ်။ ခွေးကမှ ဒီမစင်ပိုင်ရှင်ကို ကျေးဇူးသိတတ်အုံးမယ်ဗျာ။ ဒေါသဆိုတာဖြစ်နေတဲ့အတွက် ကျွန်တော်လဲ သာမန်လူတစ်ယောက်ပါပဲဗျာ။ စေတနာဒေါသနဲ့ ဝေဖန်မိတာ နားလည်စေချင်ပါတယ်။

Unknown said...

ရှေ့ ဘဝ နောက်ဘဝ မရှိဘူး ဆိုရင် ဗုဒ္ဓဘုရား ဖြစ်ဖို့  ဘာပါရမီမှ ဖြည့်ကျင့်စရာမလိုတော့ဘူးပေါ့။ ဘုရားဆိုတာက ဘဝတစ်ခုမှာပဲ မတော်တဆ ထပွင့်ခဲ့ရတာမျိုးလား။ ဒါဆို လူတိုင်းမှာ ဒီဘဝတင် ဘုရားဖြစ်ဖို့  အခွင့်အရေး ရှိရမှာပေါ့။ မိန်းမတွေကကော တန်းတူ အခွင့်အရေးရှိရဲ့လား။ ဘုရား သက်ရှိထင်ရှားမရှိတော့တဲ့နောက်ပိုင်းလည်း ဒီနေ့ အထိ မွေးလာပြီး သေသွားကြတဲ့ လူတွေ အများကြီးပဲဗျာ။ အနည်းဆုံး နောက်ထပ်ဘုရား ၁ ဆူ ၂ဆူ လောက်တော့ မတော်တဆ ထပ်ပွင့်ဖို့  ကောင်းပါရက်နဲ့  ဘာလို့  ပွင့်သံ မကြားခဲ့ကြတာလဲ။ ပြီးတော့ နောက်ထပ်ဘဝ တွေမှ မရှိတော့တာပဲ နိဗ္ဗာန်ဆိုတာလည်း ရောက်ဖို့  လိုသေးလို့ လား။ ဒါဆို ဘာကြောင့် ထေရဝါဒက လွဲမှားနေလို့  ပယ်ပြီးတော့ ဗုဒ္ဓဝါဒ အသစ်တစ်ခုအနေနဲ့  လမ်းမှန်ကို ပို့ ပေးဖို့  ဆိုပြီး ဒီလောက်ကြိုးစားနေကြတာလဲ။ သူ့ ဘာသာသူ ထားလိုက်လည်း ဘယ်သူ့ သံသရာ အတွက်မှ ပူစရာ မလိုတော့တာလေ။ မဟုတ်ဘူးလား။

မိုးစက်

sweetpeony said...

ဗုဒ္ဓဘာသာကိုသေချာလေ့လာပြီးပါပြီလား
အပေါ်ယံ မိရိုးဖလာ ဗုဒ္ဓဘာသာကို သိတာလောက်နဲ့တင် ဖြစ်နေတာလောက်နဲ့တင် မစော်ကားပါနဲ့။

Shwe Wah Win Pawe Yone said...

လွန်ခဲ့တဲ့နှစ်ပေါင်း၂၅၀၀ကျော်ကမြတ်စွာဘုရားရှင်အမှန်တကယ်ဟောကြားခဲ့တဲ့တရားကိုပြန်ပြီးဖေါ်ထုတ်နိုင်ပြီပေါ့။တရားစစ်တရားမှန်ကိုဘယ်လိုအင်အားကမှချိုးနှိမ်လို.မရစေရပါ။

Shwe Wah Win Pawe Yone said...

စစ်မှန်တဲ့သာသနာအောင်ရမယ်

Unknown said...

Why u didnt continue this article, it is very good for me to understand that what is real Buddhism?
If u can pls continue the article.

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ကုလားတွေက နအဖနဲ့ ဒီမို နှစ်ဖက်စလုံးကို ညာပေါင်းပြီးခွစား လုပ်နေပါတယ်။ တကမ္ဘာလုံးမှာ ကုလားတွေ ဒုက္ခပေးနေတာကို အားလုံးမြင်နေကြတာပဲ။ အဲဒါကို လုံးဝဂရုမစိုက်ပဲ ဒီမိုနဲ့ နအဖတွေဟာ ကုလားတွေနဲ့ပေါင်းပြီး သူတို့ နိုင်ငံရေး အကျိုးအမြတ် ရရှိရေးကိုသာ ဦးစားပေးနေပါတယ်။ နအဖက ကုလားတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲကို ကလိမ်ကကျစ်လုပ်နေပါတယ်။ ဒီမိုသမား မဗေဒါဟာ ကုလားမ တစ်ယောက်ကို နိုင်ငံရေး ဇတ်ခုံပေါ်မှာ နေရာရအောင် ကူညီပေးနေပါတယ်။ ကုလားကို မြှောက်ပင့်နေတဲ့ မဗေဒါလုပ်ရပ်ကို ကော်မန့်ကနေ ဆန့်ကျင်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

http://mabaydar88.blogspot.com/2010/09/blog-post_3555.html


ကုလားကိုထိရင် ဆတ်ဆတ်ထိမခံသူများကို ဆန့်ကျင်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

nainglinnday@gmail.com said...

I like this question.

nainglinnday@gmail.com said...

I like this question and answers.