Monday, September 3, 2007

ဗုဒ္ဓ (၆)

အရူပကလွန်ဖို့ဆင်ခြင်
လူမှာတကယ်ရှိနေတာက ကိုယ်ရယ်၊ စိတ်ရယ်ပဲ။ ဒါကို လူတွေ အသိအမှတ်ပြုနေရတယ်။ ဒါဟာ လောကရဲ့ အသိပဲ။ လောကအတွက် ကောင်းမွန်မှန်ကန်တဲ့ စနစ်တစ်ခု ထူထောင်ချင်တဲ့ သူက အဲဒီလောကရဲ့အသိတွေကို လွန်သွားလို့မဖြစ်ဘူး။ လွန်သွားရင် လောကမဟုတ်ဘဲ ဖြစ်သွားမှာပဲ။ လောကမဟုတ်တာကို လောကက ဘယ်မှာ လက်လှမ်းမှီပါ့မလဲ။ အခုငါရှာနေတဲ့ တရားဟာ လောကရဲ့ အမြတ်ဆုံးတရား မဟုတ်ဘူး။ လောကက လွတ်တဲ့တရားပဲ ဖြစ်တယ်။ လောကက လွတ်တာဟာ လောကရဲ့ အမြတ်ဆုံး မဟုတ်လို့ပဲ။ လောကရဲ့ အမြတ်ဆုံးဆိုရင် လောကထဲမှာပဲ ရှိရမှာပဲ ။ လောကက လွတ်ရမှာ မဟုတ်ဘူးပဲ။ လောကက လွတ်သွားမှတော့ လောကရဲ့ အမြတ်ဆုံးဘယ်ဟုတ်တော့မလဲ။

ဒီတော့ ဒီတရားကို ငါစွန့်လွှတ်မယ်။ ဒီတရားဟာ လောကက လွတ်တဲ့တရားပဲ။ လောကကြီးကို လောကက လွတ်တဲ့ တရားပွားပေးဖို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ကြိုးတပ်တူရိယာက ထွက်လာတဲ့ သာယာတဲ့ အသံဟာ ကြိုးလျော့လို့လည်း မဖြစ်၊ ကြိုးတင်းလို့လည်း မဖြစ်သိလိုပဲ။ ငါလည်းလူကိုလွန်တဲ့ ကိုယ်ပျောက်စိတ်ပျောက်တွေနဲ့ လူကလွတ်လပ်မှု ရှာတာကို ကျောခိုင်းတော့မယ်လို့ အဆုံးအဖြတ်ကျလာခဲ့တယ်။

အရူပစွန့်ပြီ
သိဒ္ဓတ္ထဟာ စားနိုင်သမျှ အစားအစာကလေးများကို အစပြု စားပြီး အားအင်မွေးမြူလာခဲ့တယ်။ သိဒ္ဓတ္ထကို အလုပ်အကျွေးပြုစုကြတဲ့ ပဉ္စ၀ဂ်တို့က ဒါကို အကဲခတ်မိလာကြတယ်။ သိဒ္ဓတ္ထဟာ ကမ္မဋ္ဌာန်း တွေကိုကျောခိုင်းနေပြီ လားလို့ပဲ။ သိဒ္ဓတ္ထကလည်း လမ်းကလေး ကောင်းကောင်း လျှောက်လာနိုင်တဲ့အခါ သေနဂျာရွာကြီးဘက်ကို ဆွမ်းခံထွက်လာခဲ့တယ်။ ပဉ္စ၀ဂ်တို့ဟာ ဒါကို မကြည်ကြဘူး ။ သိဒ္ဓတ္ထဟာ တရားကို လက်မြောက်သွားပြီလို့ပဲ။ ပဉ္စ၀ဂ်တို့ထင်မယ်ဆိုရင်လည်း ထင်စရာပဲ။ တစ်နေ့မှာ သိဒ္ဓတ္ထ ဆွမ်းခံဝင်နေတဲ့ နေရာကို အဲဒီတိုင်းပြည်ရဲ့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရ ရောက်လာတယ်။ ဘုရင်ဟာ သိဒ္ဓတ္ထကို တွေ့တဲ့အခါ အရေးပါတဲ့ စကားတွေပြောနေတယ်။ ရဟန်းသင်ဘယ်ကလဲ သင့်အသက်က ငယ်လွန်းသေးတယ်။ ကြီးသူတွေလုပ်ငန်းကို ဘယ်ကြောင့် လုပ်သလဲ။ အခုမလုပ်သေးဘဲ သူ့မြို့လာနေပါလား။ တိုင်ပြည်တစ်ဝက်ကို အုပ်စိုးခွင့်ပေးမယ် အစစတွေပေါ့။

4 comments:

paingheinkhant said...

လိးပဲ

tun tun said...

မင်းတို့ ကောင်တွေရူးနေကြတာလား နောင်ဘ၀ဆက်တိုင်း သံသရာမှာလူဖြစ်မဲ့ကောင်တွေမဟုတ်ဘူး ဘုရားရှင်ကိုစော်ကားရင် ဘယ်လောက်အပြစ်ကြီးသလဲဆိုတာ မင်းတို့ ကောင်တွေသိဖို့ ကောင်းတယ် အသိလေးတမိုက်လောက်နဲ့  ဘုရားရှင်နှင့်ယှဉ်ရအောင် မင်းတို့ ကောင်တွေကဘယ်လောက်များ တော်နေတတ်နေလို့ လဲ

tun tun said...

ခွေးမသားတွေ အလကားဖွတ်ကြားတွေ ဆရာမိုက်ကိုကိုးကွယ် ကိုးကွယ်မှုတွေမှားရင် မင်းတို့ ကောင်တွေသ့သရာမှာ နစ်မွန်းလိမ့်မယ် အလကားညာနေတဲ့ ညာဏဆိုတဲ့စောက်ပေါပြော တိုင်းယုံတဲ့နွားတွေ ထမင်းမစားဘဲမင်းတို့ ကောင်းတွေချေးစားကွာ

Zaw Htet said...

ဥာဏဆိုတဲ့ လူ့ငခွေးကို ထောက်ပံ့နေကြတဲ့သူတွေလည်း သတိထားပေါ့။ အရင်ဆုံး ဗုဒ္ဓဘာသာကို ကျကျနန လေ့လာဖို့ အကြံပြုခြင်တယ်။ သူများပါးစပ်ဖျားမှာ လမ်းဆုံးပြီးတော့ ကိုယ့်ဟာကို မလေ့လာရင်တော့ မင်းတို့သေရင် ယမမင်းဆီကိုတောင်သွားစရာမလိုလောက်ဘူး၊ တန်းခနဲ အဝီစိပဲဆိုတာကို မှတ်ထားကြ။ ဒီလိုမျိုး လက်လွတ်စပယ် ရမ်းယုံနေကြရင်တော့ အဲဒီလူတွေ လူဖြစ်တာကိုမပြောနဲ့ ခွေးဖြစ်ရင်တောင် မွေးတဲ့သူ ထမင်းဖိုးကုန်မယ်၊ ဘာမှ အရာရောက်မှာမဟုတ်ဘူး၊ မင်းတို့ရဲ့ ချီးစားထားတဲ့ ဦးနှောက်နဲ့ ဘုရားရှင်ကိုစော်ကားဖို့ လားလားမှ မကြံလေကြနဲ့။